RenshuMe သည် ဂျပန်ဘာသာစကားဆိုင်ရာ MCQ အမျိုးအစားစာမေးပွဲများ ဖြေဆိုမည့် လေ့လာသူများအတွက် ပုံစံတူ မေးခွန်းများအားလေ့ကျင့်၍ စာမေးပွဲအား လွယ်ကူအဆင်ပြေစွာ ဖြေဆိုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စတင်ခဲ့သည့် Website တခုဖြစ်ပါသည်။

MCQ မေးခွန်းများအား လေ့ကျင့်ဖြေဆိုခြင်းအားဖြင့် စာမေးပွဲအတွေ့အကြုံများ ဖန်တီးယူကာ မေးခွန်းပုံစံများနှင့် အသားကျစေရန်ရည်ရွယ်၍ မေးခွန်းကြောင်းရေထောင်ပေါင်းများစွာဖြင့် လေ့ကျင့်နိုင်မည့် System တခုလည်းဖြစ်ပါသည်။

RenshuMe ၏ ဖွဲ့စည်းမှုအား ဆရာလွတ်လေ့ကျင့်လိုသူများ (သို့) ဆရာဖြင့်လေ့ကျင့်လိုသူများ စသည်ဖြင့် လေ့လာသူနှစ်မျိုးလုံးအတွက် ရည်ရွယ်၍ ဖွဲ့စည်းထားပါသည်။ ဆရာများအနေဖြင့် RenshuMe ၏ သတ်မှတ်ထားသော Mobile Banking (သို့) Mobile Wallet အကောင့်များသို့ ငွေပေးသွင်းထားသည့် Screenshot နှင့်အတူ အကောင့်တခုရယူနိုင်မည်ဖြစ်ပါသည်။ ဆရာဖြင့်လေ့ကျင့်လိုသူများအနေဖြင့် RenshuMe နှင့် ချိတ်ဆက်ထားသော ကျောင်းများမှ ဖွင့်လှစ်သည့် System အသုံးပြုသည့် Exam Preparation အတန်းများတွင် အပ်နှံ၍ (သို့) RenshuMe မှ Freelance Teacher များဖြင့်ဖွင့်လှစ်သည့် Exam Preparation အတန်းများတွင် အပ်နှံ၍ အကောင့်တခုရယူလေ့ကျင့်နိုင်မည်ဖြစ်ပါသည်။

RenshuMe အသုံးပြုခြင်း၏ အားသာချက်များ

ကျောင်းသားများအနေဖြင့်
- MCQ အမျိုးအစား မေးခွန်းများအား သက်ဆိုင်ရာမေးခွန်းပုံစံများအလိုက် စုစည်းပေးထားသည့်အတွက် မိမိအားနည်းသည့် မေးခွန်းအမျိုးအစားအား ကျွမ်းကျင်ပိုင်နိုင်လာသည်အထိ လေ့ကျင့်နိုင်ခြင်း။
- နားမလည်သည့် မေးခွန်းများနှင့် ဆရာအား မေးမြန်းလိုသည့် မေးခွန်းများအား စုစည်းမှတ်သားထားနိုင်မည့် Bookmark စနစ်အား အသုံးပြု၍ မိမိမှတ်သားထားသည့် မေးခွန်းများအား အင်တာနက်ရရှိသည့် မည်သည့်နေရာမှမဆို ပြန်လည်ကြည့်ရှုနိုင်ခြင်း။
- ဖြေဆိုထားမှုများအား မှတ်တမ်းထားရှိ၍ မေးခွန်းအလိုက် Error Rate များထုတ်ပြပေးသည့်အတွက် မိမိအားအနည်းဆုံး မေးခွန်းပုံစံအား သိရှိ၍ ပိုမိုလေ့ကျင့်ပြင်ဆင်နိုင်ခြင်း။
- ဆရာလွတ်လေ့လာသူများအတွက် RenshuMe မှပြင်ဆင်ပေးထားသည့် ဒေတာများအသုံးပြု၍ လေ့လာနိုင်ခြင်း။
ကျောင်းများအနေဖြင့်
- ကျောင်းများအနေဖြင့် စာမေးပွဲအတွက်လေ့ကျင့်ရန် စာရွက်စာတမ်းများပြင်ဆင်ရခြင်းအား အတတ်နိုင်ဆုံးလျှော့ချ၍၊ မိမိတို့ ကျောင်းသားများ၏ လက်ရှိအခြေအနေများ၊ ကျောင်းသားများ၏ စာမေးပွဲအတွက် ရည်ရွယ်လေ့ကျင့်ပြင်ဆင်နေမှုများအား နေ့စဥ်မှတ်တမ်းပုံစံဖြင့် အသေးစိတ်သိရှိနိုင်ခြင်း။
- မိမိကျောင်းရှိ ဆရာ၊ ကျောင်းသားများ၏ RenshuMe စနစ်အတွင်း ခွဲတမ်းချထားမှုများ၊ ကျောင်းသားအရေအတွက်၊ ဆရာအရေအတွက်၊ အတန်းအရေအတွက် စသည်တို့အား တချိန်တည်းတွင် သိရှိနိုင်ခြင်း။
ဆရာများအနေဖြင့်
- ကျောင်းသားများ၏ စာမေးပွဲအတွက် လေ့ကျင့်ပြင်ဆင်မှုအခြေအနေများ၊ လက်ရှိ စာမေးပွဲဖြေဆိုရန် အဆင်သင့်ဖြစ်မှုအနေအထားများ၊ အားနည်းသည့်အပိုင်းများ စသည်တို့အား အသေးစိတ်ပြန်လည်ကြည့်ရှုနိုင်ခြင်း။
- သမာရိုးကျ Exam Preparation အတန်းများကဲ့သို့ အတန်းတခုထဲတွင် တူညီသော မေးခွန်းများ ဖြေဆိုရခြင်းမဟုတ်သည့်အတွက် ကျောင်းသား၏ ကြိုးစားအားထုတ်မှု၊ လိုလားမှုစသည်တို့ပေါ်မူတည်၍ ထူးချွန်ကျောင်းသားများ မွေးထုတ်ပေးနိုင်ခြင်း။
RenshuMe အားသုံးစွဲရာတွင် သတိပြုရန်အချက်များ
- ကျောင်းသားအကောင့်ဖွင့်လှစ်ရာတွင် အကောင့်ပြုလုပ်ချိန်မှ ၂၄ နာရီအတွင်း Approve လုပ်ပေးသွားမည်ဖြစ်ပါသည်။
- ကျောင်းသားအကောင့်၏ သက်တမ်းမှာ စတင်သုံးစွဲနိုင်သည့်အချိန်မှ စ၍ “တလ (၃၁ ရက်)” သာဖြစ်ပါသည်။
(အကောင့်အသက်ဝင်ချိန်မှစ၍ “၃၁ ရက်ကျော်လွန်ပါက” အလိုအလျောက် ပိတ်သွားမည်ဖြစ်ပါသည်။ ဤအချက်အား သတိပြုနားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
- ကျောင်းသားအကောင့်အား ထပ်မံသုံးစွဲလိုပါက လစဥ်သက်တမ်းတိုးရန်လိုအပ်မည်ဖြစ်ပါသည်။
- ကျောင်းနှင့် ဆရာအကောင့်များမှာ ဝယ်ယူထားသည့် Package ပေါ်မူတည်၍ သက်တမ်းအပြောင်းအလဲရှိနိုင်ပါသည်။
RenshuMe မှ
- Completion Rate 95% အထက်နှင့် Error Rate 10% အောက် ရရှိသည့် ကျောင်းသားအကောင့်များအတွက် ထပ်မံလေ့လာမည့် Level ဆိုင်ရာ ကျောင်းသားအကောင့်အား “အခမဲ့” အသုံးပြုနိုင်ရန် စီစဥ်ပေးသွားမည်ဖြစ်ပါသည်။ (အထက်ပါ Criteria များနှင့် ပြည့်စုံပါက RenshuMe ၏ Facebook စာမျက်နှာမှတဆင့် ဆက်သွယ်၍ “အခမဲ့” အကောင့်တခုအား ရယူနိုင်မည်ဖြစ်ပါသည်။)